စီးပွားရေးအတွက် လာဘ်ပွင့်ရန် ဈေးဆိုင်များရောင်းကောင်းရန် အစီအရင်

စီးပွားရေးအတွက် လာဘ်ပွင့်ရန် ဈေးဆိုင်များရောင်းကောင်းရန် အလုပ်ခွင်တွင် အဆင်ပြေရန် အလုပ်မရသေးသူများ အလုပ်ရရန် ပြုလုပ်နိုင်ပါတယ်။ ငွေဝင်လာဘ်ရွှင်စေတဲ့ အစီအရင်ဖြစ်ပါတယ်။

ကွမ်းရွက်ပေါ်တွင် စာရေးရမည့်အချိန်မှာ ၁၁ရက် ၉လ ယခုတစ်ပတ်ဗုဒ္ဓဟူးနေ့ ည ၉နာရီ ဖြစ်ပါတယ်။

ပုံတွင် ပြထားသော “ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါရစေ”က ကွမ်းရွက် နှစ်ရွက်မှာ ရေးပါ။

ကျန်တစ်ရွက်မှာက မိမိဖြစ်လိုသော ဆုတောင်းတစ်ခုကို ရေးထည့်ပါ။

ဘောပင်ဖြင့်ဖြစ်စေ ခဲတံဖြင့်ဖြစ်စေ ရေးနိုင်ပါတယ်။ ဆုတောင်းစာရေးထားတဲ့ ကွမ်းရွက်ကို အလယ်မှာထားပေးပါ။ ကွမ်းရွက် အချောဘက်မှာ ရေးပါ။ ထိုကွမ်းရွက် ၃ရွက်နှင့် ကွမ်းသီးအနည်းငယ်ကို ကြွေပန်းကန်တွင်ထည့်ပါ

ဈေးဆိုင်ကောင်တာများ စားပွဲများတွင် တင်ထားနိုင်ပါတယ်။ အိမ်တွင်ထားလျင် အိမ်ခေါင်းရင်း အမြင့်တစ်နေရာမှာ တင်ထားနိုင်ပါတယ်။ကွမ်းရွက်များနွမ်းခြောက်သွားသည်ထိ ထားနိုင်ပါတယ်။

ဒေါ်သဇင်ထွန်း (ဗေဒင် နှင့် ယတြာ)

Be the first to comment

Leave a Reply