ဆန်ထုတ် ဓာတ်ရိုက်ဓာတ်ဆင် ယတြာ

ဒီ ဓာတ်ရိုက်နည်းကို အမှုအခင်းဖြစ်နေသူများ/ ကျန်းမာရေး မကောင်းသူများ/ စီးပွားရေး ဘာလုပ်လုပ် အဆင်မပြေဖြစ်နေသူများ /အလုပ်ခွင်တွင် အဆင်မပြေမှု အလွန်များသူများ /အချစ်ရေးအိမ်ထောင်ရေးအဆင်မပြေသူများပြုလုပ်နိုင်ပါတယ်။

၁. ဆန်တစ်ပြည်ကို ၃ပုံခွဲ၍ ၃ထုတ် ထုတ်ပါ။

၂. တစ်ထုတ်ကို အိပ်ရာခေါင်းရင်းတွင် ထားအိပ်ပါ။ တစ်ထုတ်ကို ညာဘက်ဘေးတွင် ထားအိပ်ပါ။ တစ်ထုတ်ကို ခြေရင်းဘက်တွင် ထားအိပ်ပါ။

၃. တစ်ညလုံး အိပ်ပြီး နံနက်မိုးလင်းလျင် ခေါင်းရင်းမှ အထုတ်ကိုချက်ပြီး ဘုရားဆွမ်းတော်ကပ်ပါ။ သံဃာတော်များကို ဆွမ်းလောင်းပါ။

၄. ညာဘက်ဘေးမှ ဆန်ထုတ်ကို မချက်ဘဲ ဆန်အတိုင်းသာ မရှိဆင်းရဲသူများကို လှူဒါန်းပါ။

၅. ခြေရင်းမှ ဆန်ထုတ်ကို ချက်ပြီး ခွေးစာကျွေးပါ။

၆.မိမိမွေးနေ့၏ ရှေ့တစ်ရက်တွင် ပြုလုပ်ရပါမည်။ ဥပမာ သောကြာသားသမီးသည် ကြာသာပတေးညတွင် ဆန်ထုတ်များ ထား၍ အိပ်ရမည်ဖြစ်ပါသည်။

ဒေါ်သဇင်ထွန်း (ဗေဒင် နှင့် ယတြာ)

Be the first to comment

Leave a Reply