ဓနသိဒ္ဓိ လာဘ်ပွင့် အစီအရင်

လက်တွေ့ထူးခြားသူအများဆုံး အစီအရင်ဖြစ်ပါတယ်။ ပြုလုပ်ရမည့်အချိန် နံနက် ၇နာရီ ၁၅။ ပြုလုပ်ရမည့်နေ့ မိမိမွေးနေ့ (ဥပမာ တနင်္လာသားသမီးဆိုလျင် တနင်္လာနေ့)

လင်ဗန်းထဲတွင် ကော်ဖီ ၃ခွက်ကို ပန်းသီးနှင့်ထိပြီးထည့်ပါ။ ဖယောင်းတိုင်၅တိုင်ကို လင်ဗန်းနှုတ်ခမ်းတွင် ထွန်းပါ။ ရွတ်ဆိုရမည့် ဂါထာမှာ ဒိဝါတပတိ ဂါထာ ဖြစ်ပါတယ်။ ၃၆ခေါက်ရွတ်ဖတ်ပူဇော်ပါ။

စီးပွားရေးနှင့်ပတ်သက်သော ဆုကိုတောင်းပါ။(ငွေကြေးအခက်အခဲဖြစ်နေပါက အလွန် အဆင်ပြေစေပါတယ်)။ ဘုရားကျောင်းဆောင်ကျဉ်းပြီး လင်ဗန်းနှင့်ကပ်မရသူများ သီးခြား စားပွဲ အမြင့်တစ်လုံးနှင့်ကပ်လှူနိုင်ပါတယ်။ ဖယောင်းတိုင်မီးများကို မငြိမ်းရပါ ။ ကုန်သွားသည်ထိ ထားပါ။

ကော်ဖီများ နှင့်ပန်းသီးကို နေ့လည်၁၂နာရီတွင် အိမ်သားများ စွန့်ပြီး စားနိုင်ပါတယ်။ လာဘ်လာဘများပေါများလာခြင်းကို သင်ကိုယ်တိုင်ကြုံတွေ့ရပါလိမ့်မယ်။ ကိုယ်စားပြုလုပ်၍ မရပါ။

ဒေါ်သဇင်ထွန်း (ဗေဒင် နှင့် ယတြာ)

Be the first to comment

Leave a Reply