လာဘ်ပွင့်ကံမြင့် သပြေအိုးအလှူ

27,9,2019 နံနက် ၅နာရီမှ ၉နာရီ ၄၅အတွင်း လှူနိုင်ပါတယ်။ သပြေ ၃ညွန့်ကို ပန်းအိုးသီးသန့်၁လုံးတွင် လှူပါ။ ရေသန့်ဘူး အသစ် ၁ဘူးကို အဖုံးဖွင့်လှူပါ။

အိမ်ဘုရားမှာလှူပါ။ အိမ်ဘုရား ကျောင်းဆောင်ကျဉ်းနေလျင် စားပွဲသီးသန့် ၁လုံးဖြင့် လှူနိုင်ပါတယ်။ သမ္ဗုဒ္ဓေ ဂါထာတော်ကို ၂၇ခေါက်ရွတ်ဖတ်ပါ။

အမှုရင်ဆိုင်နေ၇သူ အိမ်ထောင်ရေး အချစ်ရေးခက်ခဲနေသူများ သမ္ဗုဒ္ဓေ ဂါထာကို မိမိသက်စေ့ရွတ်လျင် ပိုကောင်းပါသည်။ ပန်းအိုးကို သပြေပန်းများ နွမ်းခြောက်ချိန်မှ စွန့်ပါ။ ရေသန့်က စွန့်ပြီး အိမ်သားများ သောက်သုံးနိုင်ပါတယ်။

ဘာအတွက် လှူ၇တာလည်း

နက္ခတ်ကောင်းများ ကျရောက်ချိန်မှာ လာဘ်ပွင့်ကံမြင့်စေရန် ဖြစ်ပါတယ်။ မည်သည့်နေ့နံသားသမီး မည်သူမဆို လှူနိုင်ပါတယ်။ ကိုယ်စား လှူပေးနိုင်ပါတယ်။

ဒေါ်သဇင်ထွန်း (ဗေဒင် နှင့် ယတြာ)

Be the first to comment

Leave a Reply