
ရေကုန်ရေခန်း အောင်အိုးသပြေပန်း အစီအရင် ?
လူတစ်ယောက်သည် စုံဂဏန်းကျသောနှစ်တွင် ကံညံ့တတ်သလို ဆယ်ပြည့်နှစ်(ဥပမာ ၂၀ ၃၀) စသောနှစ်များတွင်လည်း ကံအလွန်ညံ့ ပြီး လုပ်သမျှ အဆင်မပြေခြင်း ကျန်းမာရေး မကောင်းခြင်းများ ဖြစ်တတ်သည်။ ထိုသို့ဖြစ်ခြင်းကို စန်းပြတ်ခြင်း ဟုခေါ်သည်။ စန်းပြတ် လာဘ်ပြတ်ခြင်းများအတွက် အောင်အိုးကပ် အစီအရင် မည်သည့်နေ့သားသမီးမဆို တနင်္ဂနွေနေ့ နံနက် ၆နာရီ ၄၅တွင် ရွှေရောင်အောင်အိုးတစ်လုံးအတွင်း ရေအပြည့်ဖြည့်ပြီး သပြေ ၉ညွန့်ထိုးပါ။ အမြင့်တစ်နေရာတွင်ထားပါ ။ ရေမလဲရ အညွန့်များ အသစ်မလဲရပါ။ […]