ရေကုန်ရေခန်း အောင်အိုးသပြေပန်း အစီအရင် 🌿

လူတစ်ယောက်သည် စုံဂဏန်းကျသောနှစ်တွင် ကံညံ့တတ်သလို

ဆယ်ပြည့်နှစ်(ဥပမာ ၂၀ ၃၀) စသောနှစ်များတွင်လည်း ကံအလွန်ညံ့
ပြီး လုပ်သမျှ အဆင်မပြေခြင်း ကျန်းမာရေး မကောင်းခြင်းများ ဖြစ်တတ်သည်။ ထိုသို့ဖြစ်ခြင်းကို စန်းပြတ်ခြင်း ဟုခေါ်သည်။

စန်းပြတ် လာဘ်ပြတ်ခြင်းများအတွက် အောင်အိုးကပ် အစီအရင်

မည်သည့်နေ့သားသမီးမဆို တနင်္ဂနွေနေ့ နံနက် ၆နာရီ ၄၅တွင် ရွှေရောင်အောင်အိုးတစ်လုံးအတွင်း ရေအပြည့်ဖြည့်ပြီး သပြေ ၉ညွန့်ထိုးပါ။

အမြင့်တစ်နေရာတွင်ထားပါ ။ ရေမလဲရ အညွန့်များ အသစ်မလဲရပါ။

အိုးအတွင်း ရေအားလုံး ခန်းသွားပါက

သပြေ ၃ညွန့်ကို နေအိမ် အနီးတစ်ဝိုက်ရှိ အမှိုက်ပုံတွင် စွန့်ပါ

၃ညွန့်ကို အိုးနှင့်တကွ ရေမျှောပါ

ကျန် ၃ညွန့်ကို ပြုလုပ်သူ သက်စေ့ ယပ်ခတ်ပေးပြီးမှ သစ်ပင်ကြီး တစ်ပင်အောက်တွင် သွားစွန့်ပါ။

ရေကုန်ရေခန်းသင်၏ အဆိုးများကို စုပ်ယူသွားသည့်အတွက် ကောင်းကျိူးများရရှိလာသည်ကို သင်ကိုယ်တိုင်မြင်တွေ့ရပါလိမ့်မည်။

Be the first to comment

Leave a Reply