
မိမိသည် မခံမရပ်နိုင်လောက်အောင် ကံနိမ့်နေခြင်း
စီးပွားရေး အချစ်ရေးအိမ်ထောင်ရေး လူမှုရေး များအဆင်မပြေခြင်းဖြစ်နေပါက. အညံဂြိုလ်အတွင်းသို့ဝင်ရောက်နေခြင်း ဖြစ်ပါသည်။
၁. ဘုရားတစ်ဆူသို့သွား၍ မိမိမွေးနံဂြိုလ်တိုင်ကို သန့်ရှင်းရေးပြုလုပ်ပါ။ပန်းအနွမ်းများစွန့်ခြင်း ပန်းအသစ်များ ကပ်လှူခြင်း ရေသပ္ပါယ်ခြင်းများ ပြုလုပ်ပါ။
၂. ယခု ဖော်ပြထားသော ဂါထာတော်ကို ၄၅ခေါက်ရွတ်ဖတ်ပူဇော်ပါ။
” အလိုတော်ပြည့် ဂါထာ”
(အလိုတော်ပြည့် မဟာ ဗုဒ္ဓေါ ဒေဝမနုဿ
ပုဇိတော၊ သောရဟော ပစ္စယာဒိနံ၊ မဟာလာဘံ
ကရောတုမေ၊ မဟာဓနံ ကရောတုမေ၊ မဟာသုခံ ကရောတုမေ)
၃. မိမိမွေးနေ့မှ (ဥပမာ တနင်္လာသားသမီးဆိုလျင် တနင်္လာနေ့)စ၍ ၅ရက်တိုင်တိုင် ဘုရားသွား၍ လှူဒါန်းရွတ်ဖတ်ပူဇော်ပါ။
ရက်ပိုင်းအတွင်း အဆင်ပြေမှုများကြုံတွေ့၍ လာဘ်လာဘများဝင်ရောက်လာပါလိမ့်မည်
ကိုယ်စားပြုလုပ်၍ မရပါ။
Be the first to comment