ငွေကြေးပြန်ရစေ/ဆပ်နိုင်စေ ဓာတ်ရိုက်ဓာတ်ဆင် ယတြာ

တနင်္ဂနွေ သားသမီးသည် မေမြို့ပန်း ၅ပွင့် မုန့်လုံးရေပေါ် ၄၅လုံးကို တနင်္လာနေ့ နံနက် ၁၀နာရီတွင် ဘုရားလှူပါ။

တနင်္လာ သားသမီးသည် ရွက်လှ ၁၂ညွန့်နှင့် မုန့်လုံးရေပေါ်. ၃၄လုံးကို အင်္ဂါနေ့ နံနက် ၈နာရီတွင် ဘုရားလှူပါ။

အင်္ဂါသားသမီးသည် သပြေ ၉ညွန့်နှင့် မုန့်လုံးရေပေါ် ၂၆လုံးကို ဗုဒ္ဓဟူးနေ့ နံနက် ၆နာရီ ၄၅မိနစ်တွင် ဘုရားလှူပါ။

ဗုဒ္ဓဟူး သားသမီးသည် ကံ့ကော် ၅ညွန့်နှင့် မုန့်လုံးရေပေါ် ၃၆လုံးကို ကြာသာပတေးနေ့ နံနက် ၅နာရီတွင် ဘုရားလှူပါ။

ကြာသာပတေးသားသမီးသည် အုန်း၁၁ညွန့်နှင့် မုန့်လုံးရေပေါ် ၂၉လုံးကို သောကြာနေ့နံနက် ၈နာရီတွင် ဘုရားလှူပါ။

သောကြာသားသမီးသည် နှင်းဆီ အနီ ၇ပွင့်နှင့် မုန့်လုံးရေပေါ်. ၄၁လုံးကို စနေနေ့ နံနက် ၉နာရီ ၂၅မိနစ်တွင် လှူပါ။

စနေသားသမီးသည် ပိတောက် ၃ညွန့်နှင့် မုန့်လုံးရေပေါ် ၃၈လုံးကို တနင်္ဂနွေနေ့ နံနက် ၁၀နာရီ ၁၀မိနစ်တွင် လှူပါ။

မုန့်လုံးရေပေါ်များကို မွန်းတည့် ၁၂နာရီတွင် စွန့်၍ ကလေးများကို ကျွေးပါ။(မည်သည့်ကလေးမဆို ၇ပါတယ်)။ပန်းများအညွန့်များကို ည ၁၀နာရီတွင် စွန့်၍ အိမ်အဝင်တံခါးကို ထိုပန်းများ အညွန့်များဖြင့် ၂၇ချက်ရိုက်၍ မိမိရရန်ရှိသော အကြွေးများ ပြန်ရပါစေ. သို့မဟုတ် မိမိပေးဆပ်နိုင်ရန်ရှိသော အကြွေးများဆပ်နိုင်ပါစေဟု ဆုတောင်းပါ

Be the first to comment

Leave a Reply