
အရေးကြီးသော ကိစ္စ တစ်ခု မေးမြန်းလိုလျှင် အောက်ပါ ဇယားကွက်နှင့်မေးမြန်းပါ။ တစ်ကြိမ်မေးလျင် မိမိအရေးအကြီးဆုံး မေးခွန်း တစ်ခုသာ မေးပါ။
မေးပြီးနောက် 24နာရီအတွင်း ဇယားကွက်ကို ထပ်မမေးရပါ။မေးမြန်းလိုလျင် ကိုယ်လက်သန့်စင်ပါ။ ဇယားကို စက္ကူ ဖြူ အလွတ်တစ်ရွက်တွင် ကူးဆွဲပါ။
နမော အောင်ပြီဟု ၉ခေါက်ရွတ်ပါ။
ခဲတံ သို့မဟုတ် ဘောပင်ဖြင့် ဇယားကွက်ကို ထောက်ပါ။ ဇယားကွက်ထောက်နေစဉ် မိမိသိလိုသော မေးခွန်းကို မျက်စိမှိတ် အာရုံ ပြုပါ။
- ထို ကိစ္စ 7ရက်အတွင်း ဖြစ်ပါလိမ့်မည်။
- ယခု အချိန်မှစ. 1လအတွင်း မဖြစ်လျင် ဆက်မကြိုးစားပါနှင့်။ မအောင်မြင်နိုင်ပါ။
- မကြာမီ ထိုကိစ္စ အောင်မြင်ပါမည်။
- အချိန်မကျသေးပါ။ ဆက်ကြိုးစားပါ။
- 3ကြိမ်တိတိကြိုးစားပါ။ အောင်မြင်ပါလိမ့်မည်။
- ဤ. ကိစ္စ မဖြစ်နိုင်တော့ပါ။ မေ့လိုက်ပါတော့။
- အနီးဆုံးသူကို သတိထားပါ။ သစ္စာဖောက်လိမ့်မည်။
- အောင်မြင်ရန် အချိန်နီးပါပြီ။ အားမလျော့ဘဲ ကြိုးစားပါ
- မိမိဆန္ဒအတိုင်း မဖြစ်ပါ။
- ထင်မှတ်ထားသည်ထက် ပို အဆင်ပြေမည်။
- ကူညီမည့်သူ ပေါ်ပေါက်လာ၍ အဆင်ပြေမည်။
- ခက်ခက်ခဲခဲ ကြိုးစားပြီးမှ အောင်မြင်မည်။
- နောက် 10ရက်ကြာမှ ပြန်လည် မေးမြန်းပါ။
- မိမိမှန်းထားသောရက်ထက် ပိုစော၍ အောင်မြင်မည်။
- မနာလိုသူ ဖျက်၍ ပျက်တတ်သည်။
- စိတ်ချမ်းသာ ပျော်ရွှင်ရပါတော့မည်။
Be the first to comment